နောက်ဆုံးရသတင်းများ

OTP နှင့် PIN နံပါတ်များအား လုံးဝ မျှဝေခြင်းမပြုလုပ်ရပါ

၂ရက် ၊ စက်တင်ဘာလ ၊ ၂၀၂၅ခုနှစ်

သင်၏ Digital Banking/ Wallet အတွက် PIN နံပါတ်များ/ OTP ကုဒ်များ၊ NRC နံပါတ်များသည် ငွေကြေးလုံခြုံမှုအတွက် အလွန်အရေးကြီးသည့် လျှို့ဝှက်ထားရမည့် အရာများဖြစ်ပါသည်။ လိမ်လည်သူများမှ သင့်အား အဖွဲ့အစည်းတစ်ခု၏ နှစ်ပတ်လည် အစီအစဉ်များတွင် ဆုမဲပေါက်ခြင်း System အဆင့်မြှင့်တင်ရန်ဟုဆိုကာ အကြောင်းပြချက်ပေးခြင်း ဘဏ်စာရင်း(သို့) အကောင့်လုံခြုံမှုအတွက်ဟု ဆိုကာ အကြောင်းပြချက်များ ပေးခြင်းဖြင့် သင့်ထံမှ လျို့ဝှက်အချက်အလက် OTP/PIN နှင့် အခြား ငွေကြေးလုံခြုံရေးဆိုင်ရာ အချက်အလက်များ တောင်းခံ‌လာပါက သင့်အား လိမ်လည်သူမှ ဆက်သွယ်လာခြင်းဖြစ်သည်ကို သတိပြုပြီး၊ OTP နှင့် PIN နံပါတ်များအား လုံးဝ မျှဝေခြင်းမပြုလုပ်ရပါ။
Video ကြည့်ရန် – https://www.youtube.com/watch?v=dRBIq4B-yhY