A+ Wallet ဟာ Mobile Banking လိုရော၊ Pay Wallet လိုပါ အသုံးပြုနိုင်တဲ့အတွက် နေ့စဉ်ဘဝရဲ့ ငွေကြေးစီမံမှုတွေတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ 2-in-1 App တစ်ခုဖြစ်ပါတယ်။ A+ Wallet မှာ Card Payment နဲ့ A bank ငွေစုအကောင့်တွေကို စီမံနိုင်မယ့်အပြင် သိန်း ၁၀၀ ကျော် ပမာဏတွေအတွက်လည်း A bank ငွေစုအကောင့်ထဲကိုလွှဲပြောင်းထားနိုင်ပါတယ်။ ကတ်နှင့် ပတ်သက်တဲ့ လုပ်ဆောင်မှုအမျိုးမျိုး၊ တခြားပြည်တွင်းဘဏ်အကောင့်တွေကိုဝန်ဆောင်ခသက်သာစွာနဲ့ ငွေလွှဲနိုင်မယ့်အပြင် ဖုန်းဘေလ်ဖြည့်မလား၊ အင်တာနက်ဘေလ်ဆောင်မလား၊ ခရီးထွက်ဖို့ပဲပြင်မလား တစ်နေရာတည်းမှာပဲ ဝန်ဆောင်မှုအစုံ ရယူနိုင်မှာပါ။ ဒါ့အပြင် ဆံပင်ညှပ်မလား၊ Skin care မလား၊ Treatment ပဲယူမလား…ကိုယ့် Lifestyle ကို စိတ်ကြိုက်စီမံနိုင်မှာဖြစ်သလို e-Commerce ဝန်ဆောင်မှုကိုပါ App တစ်ခုထဲမှာ ခံစားရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် 2-in-1 App A+ Wallet မှာ စမတ်ကျကျနဲ့ ကိုယ့်နေ့စဉ်ဘဝကို စိတ်ကြိုက်စီမံလိုက်ပါ။