မြန်မာနိုင်ငံတွင် မိုဘိုင်း၀န်ဆောင်မှုအသုံးပြုသူများ ငွေလွှဲ၊ သွင်း၊ ထုတ် ပြုလုပ်နိုင်ပါပြီ
A+ Wallet ၏ မိတ်ဖက်ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် အောက်ပါအကျိုးကျေးဇူးများကို ခံစားနိုင်မည့်အပြင် မိတ်ဖက်ဆိုင်များ၊ မိတ်ဖက်ဒီဂျစ်တယ်လုပ်ငန်းများနှင့်အတူတကွ ချိတ်ဆက်ဆောင် ရွက်နိုင်မည်ဖြစ်ပါသောကြောင့် မိမိရဲ့စီးပွားရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါသည်။
အမြန်ဆန်ဆုံး၊ စိတ်အချရဆုံး မိုဘိုင်းလ် ဝန်ဆောင်မှု၏ Agent အဖြစ်ရပ်တည်နိုင်ခြင်း
ငွေလွှဲ၊ သွင်း၊ ထုတ် ဝန်ဆောင်မှုများ ရရှိသည့် အတွက်ငွေကြေးလည်ပတ်မှုအဆင်ပြေစေခြင်း
၀န်ဆောင်မှုများတွင် ကော်မရှင်ခရရှိသည့် အတွက် အပိုဝင်ငွေရရှိခြင်း
တရားဝင်ကိုယ်စားလှယ်ဖြစ်သည့်အတွက် A+ မှပေးအပ်သောအကျိုးခံစားခွင့်များရရှိနိုင်ခြင်း
A+ မှပြုလုပ်သော Training Program များကို တက်ရောက်နိုင်ခြင်း
Agent များအတွက် ပေးအပ်သောလိုအပ်သည့် ပံ့ပိုးမှုများအား ရရှိနိုင်ခြင်း
Agents
A+ Wallet တွင် မြန်မာနိုင်ငံအနှံ့ Agent ပေါင်း ၃၅,၀၀၀ ကျော်ရှိပြီး ပိုမိုကောင်းမွန်သော အတွေ့အကြုံနှင့် ဝန်ဆောင်မှုများပေးနိုင်စေရန်အတွက် ကြိုးစားလျက်ရှိပါသည်။
A+ Agent အဖြစ်လျှောက်ထားလိုသူသည် လက်လီ/ လက်ကား အရောင်းဆိုင်ရှိသူဖြစ်ပြီး နေ့ စဉ်အနည်းဆုံး (၈) နာရီ ဝန်ဆောင်မှုပေးနိုင်သူဖြစ်ရန် လိုအပ်ပါသည်။
A+ Wallet မိတ်ဖက်ကိုယ်စားလှယ်များအဖြစ်လျှောက်ထားလိုပါက မိမိ၏ဖုန်းနံပါတ်၊ ဆိုင်နာမည်၊ ဆိုင်လိပ်စာအပြည့်အစုံ (မြို့နယ်၊ တိုင်းအတိအကျ) ဖြင့်လျှောက်ထားနိုင်ပြီး A+ Team မှ လူကြီးမင်း၏အချက်အလက်များအား စစ်ဆေးပြီး ပြန်လည်ဆက်သွယ်မည် ဖြစ်ပါသည်။
Application ရယူရန်
A+ Agent အဖြစ်လျှောက်ထားလိုသူသည် လက်လီ/ လက်ကား အရောင်းဆိုင်ရှိသူဖြစ်ပြီး နေ့စဉ်အနည်းဆုံး (၈) နာရီ ဝန်ဆောင်မှုပေးနိုင်သူဖြစ်ရန် လိုအပ်ပါသည်။
ငွေလွှဲရန်အတွက် အနီးဆုံး A+ အေးဂျင့်ဆိုင်သို့ သွားရောက်ပြီး သင့်ဖုန်းနံပါတ်၊ အမည်၊ မှတ်ပုံတင် နှင့် ငွေလက်ခံသူ၏ ဖုန်းနံပါတ်ကိုပေးပါ။ အလိုအလျောက်ထုတ်ပေးသော ငွေသားကုဒ်ကို SMS မှတစ်ဆင့် သင့်ထံ ပေးပို့မည်ဖြစ်ပြီး ငွေလက်ခံသူကိုသာ ငွေသားကုဒ်ကို ပေးပို့ရန်လိုအပ်ပါသည်။
A+ ဆိုင်းဘုတ်နှင့် အမှတ်အသားများကို A+ အေးဂျင့်ဆိုင်တိုင်းတွင် တပ်ဆင်ထားပါသည်။
ငွေလက်ခံသူသည် လက်ခံရရှိထားသော SMS နှင့် မှတ်ပုံတင်နံပါတ်ကို ပြသပြီး Cash Code ပြောပြခြင်းဖြင့် A+ အေးဂျင့်ဆိုင်များတွင် ငွေလက်ခံရရှိနိုင်ပါသည်။ ငွေလက်ခံသူမှလွဲ၍ လျှို့ဝှက်ကုဒ်ကို မည်သူနှင့်မျှ မမျှဝေရန် အရေးကြီးပါသည်။
ငွေသားကုဒ်ကို A+ Wallet မှတဆင့် သို့မဟုတ် A+ ကိုယ်စားလှယ်ဆိုင်မှ A+ Wallet မရှိသော ငွေလက်ခံသူထံသို့ ငွေလွှဲသောအခါတွင် ငွေသားကုဒ်ကို အသုံးပြုသည်။ ဤငွေသားကုဒ်သည် အလိုအလျောက် ထုတ်ပေးသည့် နံပါတ်ဖြစ်ပြီး ဂဏန်း ၈ လုံးပါရှိသည်။
ငွေလက်ခံသူထံ ငွေလွှဲပြီးနောက် ငွေသားကုဒ်ကို မတော်တဆ ဖျက်မိပါက၊ သင့်မိုဘိုင်းနံပါတ်သို့ Cash Code အသစ်ပါ၀င်သည့် SMS ကို ထပ်မံတောင်းဆိုရန် A+ Agent Call Center 09770709888 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဤအကူအညီကို ငွေလွှဲသူ သို့မဟုတ် ငွေလွှဲသည့် A+ အေးဂျင့်ဆိုင်မှသာ တောင်းဆိုနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။
Agent Call Center Phone : 09770709888 သို့ ရုံးချိန်အတွင်း ဆက်သွယ်၊ စုံစမ်း၊ မေးမြန်း နိုင်ပါသည်။